Galaxy Expert RAW ဖြင့်ရိုက်သည့် ပညာရှင်အဆင့် ဓာတ်ပုံပညာ
Expert RAW သည် Samsung Galaxy အတွက် ဆန်းသစ်သော ကင်မရာအက်ပ်ဖြစ်ပြီး နောက်ပိုင်းတွင် ပညာရှင်အဆင့် ရိုက်ကူး၊ တည်းဖြတ်နိုင်သော RAW ဖိုင်များ ထုတ်ပေးသည်၊ ထို့ကြောင့် သင်သည် အရည်အသွေးမြင့် HDR (High Dynamic Range) ဓာတ်ပုံများ ရိုက်ကူးနိုင်ပြီး ပိုမိုအသေးစိတ် တည်းဖြတ်နိုင်သည်။
သတိပြုရန်-
- Expert RAW အက်ပ်ကို Galaxy Store မှ ဒေါင်းလုဒ်ရယူနိုင်ပါသည်။
- ဤဝန်ဆောင်မှုကို Galaxy S20 သို့မဟုတ် ၎င်းနောက်ပိုင်း မော်ဒယ်များတွင်သာ ရရှိနိုင်ပါသည်။
- နက္ခတ်ဓာတ်ပုံပညာနှင့် အလင်းထိတွေ့မှုများစွာ မုဒ်များကို S23 စီးရီး၊ S22 စီးရီး (T OS) ဖုန်းများတွင် ပံ့ပိုးပေးသည်။
Expert RAW နှင့် ရိုက်ယူသောအခါ JPEG ဖိုင်နှင့် RAW (Linear DNG 16-bit) ဖိုင် နှစ်မျိုးလုံးကို သိမ်းပါသည်။ ဖိုင်အရွယ်အစား သေးစေရန် ဓာတ်ပုံများကို ချုံ့လိုက်သော JPEG နှင့်မတူသည်မှာ RAW ဖိုင်များတွင် ကင်မရာစင်ဆာမှ မချုံ့ထားသော မူလရုပ်ပုံဒေတာပါဝင်သောကြောင့် သင်သည် အချောသပ်တည်းဖြတ်အက်ပ်တွင် ရလဒ်ကို ပိုမိုအနုစိတ် တည်းဖြတ်နိုင်ပါသည်။
ထို့ပြင် ISO၊ ရှပ်တာပိတ်နှုန်း၊ အဖြူရောင်မျှခြေညီမှု၊ အလင်းထိတွေ့မှုနှင့် ဆုံချက်ကဲ့သို့ ကင်မရာ၏ဆက်တင်များကို တိုက်ရိုက်ထိန်းချုပ်ခြင်းဖြင့် ပိုမိုပညာရှင်ဆန်ဆန် ရိုက်ကူးနိုင်ပါသည်။
သတိပြုရန်- 10 ပုံနှင့်အထက် ဆက်တိုက်ရိုက်သောအခါ ကြည်လင်ပြတ်သားမှုမြင့်ရုပ်ပုံကို စီမံဆောင်ရွက်ရသောကြောင့် တစ်ပုံနှင့်တစ်ပုံကြားရိုက်ချိန် ပိုကြာနိုင်သည်။
ထို့ပြင် ‘အထူးဓာတ်ပုံ ရွေးချယ်စရာများ’ လုပ်ဆောင်ချက်ကို ဖွင့်ပါက S23 နှင့် S22 (T OS) ၏ Expert RAW အက်ပ်တွင် နက္ခတ္တဗေဒဆိုင်ရာ ဓာတ်ပုံရိုက်ယူရန်နှင့် အလင်းထိတွေ့မှုများစွာ ရိုက်နိုင်စွမ်းရှိသည့် စမ်းသပ်ခန်း လုပ်ဆောင်ချက်ကို ရရှိစေသည်။
သတိပြုရန်- ကြည်လင်ပြတ်သားမှု 12MP သို့သတ်မှတ်ထားသည့်အခါမှသာ အထူးဓာတ်ပုံ ရွေးချယ်စရာများက ပွင့်သည်။
ဓာတ်ပုံအစမ်းကြည့် စခရင်တွင် နက္ခတ်ဓာတ်ပုံပညာနှင့် အလင်းထိတွေ့မှုများစွာ ရွေးချယ်စရာများကို ထည့်နည်း
- နက္ခတ်ဓာတ်ပုံရိုက်နည်း
ညအချိန်ကောင်းကင်နှင့် အာကာသအစိုင်အခဲများကို ရိုက်ယူရန် နက္ခတ်ဓာတ်ပုံပညာမုဒ်ကို ရွေးပြီး ဆုံချက်၊ အဖြူရောင်မျှခြေညီမှုနှင့် အလင်းထိတွေ့ချိန်တို့ကို ချိန်ပါ။ ကောင်းကင်လမ်းညွှန်ကို ရွေးချယ်ပါက ကြယ်စင်စုလမ်းညွှန်ကို ပြသပေးသည်။
- အလင်းထိတွေ့မှုများစွာပါသည့် ဓာတ်ပုံများရိုက်နည်း
အလင်းထိတွေ့မှုများစွာ ဆိုသည်မှာ ပုံတစ်ပုံတည်းတွင် မတူညီသော အလင်းဝင်ပေါက်များစွာဖြင့် မတူညီသောပုံများကို စုစည်းပြီး ပေါင်းစပ်ခြင်းဖြင့် ဓာတ်ပုံတစ်ပုံကို ရယူခြင်းဖြစ်သည်။ ဓာတ်ပုံရိုက်သည့်မုဒ်ကို ဆက်တိုက်ဟုရွေးချယ်ပါက ပုံမှန်ကြားကြာချိန်ဖြင့် ရုပ်ပုံများကို ဆက်တိုက်ရိုက်နိုင်ပြီး ကိုယ်တိုင်ဟု ရွေးချယ်ပါက ရုပ်ပုံများကို သင်ဆန္ဒရှိသည့်အချိန်တွင် တစ်ပုံချင်းစီ ရိုက်နိုင်သည်။ သင့်စိတ်ကြိုက် ရိုက်ယူနိုင်စေရန် ပေါင်းစပ်မုဒ်များကိုလည်း ရွေးချယ်နိုင်သည်။
သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ
ကျေးဇူးပြု၍ မေးခွန်းအားလုံးဖြေဆိုပါ။
RC01_Static Content : This text is only displayed on the editor page