သင့် Samsung smart watch တွင် အသိပေးချက်များကို စီမံခြင်း

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 11.01.2023

သင့်နာရီတွင် အီးမေးလ်မှ အလိမ်အညာအသိပေးချက်များများပြားစွာရရှိနေပါသလား။ စိတ်မပူပါနှင့်။ သင့်အနေဖြင့် မည်သည့်အက်ပ်က သင့်နာရီသို့ အသိပေးချက် ပို့ရမလဲဆိုသည်နှင့် စခရင်ပေါ်တွင် အချက်အလက် မည်မျှ ဖော်ပြမည်ဆိုသည်ကို ရွေးချယ်နိုင်ပါသည်။ သင့်စိတ်ကြိုက်များကို ရွေးချယ်ပြီးသည်နှင့်တပြိုင်နက် သင်ရလိုသည့် မက်ဆေ့ချ်နှင့် အသိပေးချက်များကိုသာ မြင်ရတော့မည်ဖြစ်သည်။

Galaxy Watch

မှတ်ချက် - ရနိုင်သည့် စခရင်နှင့် သတ်မှတ်ချက်များသည် ထောက်ပံ့ပေးသူ ၊ ဖုန်း သို့မဟုတ် နာရီအလိုက် ကွဲပြားနိုင်ပါသည်။

အသိပေးချက်သတ်မှတ်ချက်များအား စိတ်ကြိုက်ဖန်တီးခြင်း

သင်သည် Galaxy Wearable အက်ပ်မှ အသိပေးချက်သတ်မှတ်ချက်များကို စီမံနိုင်ပါသည်။

၁. Galaxy Wearable အက်ပ် ကိုဖွင့်၍ နာရီသတ်မှတ်ချက်မျာ ကိုဝင်ပြီး အသိပေးချက်များ ကိုနှိပ်ပါ။

၂. ယခုနေရာမှနေ၍ သင့်နာရီပေါ်တွင် ဖုန်းအသိပေးချက်များကို ဖော်ပြရန် ရွေးချယ်နိုင်ပါသည်။

၃. ထို့နောက် အဆင့်မြင့်အသိပေးချက်သတ်မှတ်ချက်များ သို့သွား၍နှိပ်ပါ။ အောက်ပါ ရွေးချယ်စရာများ ရရှိနိုင်ပါသည် :

Galaxy Wearable အက်ပ်မှ အဆင့်မြင့်အသိပေးချက် သတ်မှတ်ချက်များစာရင်း။
  • အသိပေးချက် အချက်ပြကိရိယာ : မဖတ်ရသေးသောအသိပေးချက်များအတွက် နာရီမျက်နှာပြင်ပေါ်တွင် ညွှန်ပြချက် ပြသခြင်း။

  • အသိပေးချက်များကို ကျယ်လောင်စွာဖတ်ပြပါ : နားကြပ်ကို သင့်နာရီနှင့်ချိတ်ဆက်ထားချိန်တွင် သတိပေးချက်များကို ကျယ်ကျယ်ဖတ်ပါ။ နားကြပ်ကို သင့်ဖုန်းနှင့် ချိတ်ဆက်ထားချိန်တွင် ၎င်းသည် အလုပ်လုပ်မည်မဟုတ်ပါ။

  • အသေးစိတ်ဖြင့်ပြသပါ : သတိပေးချက်အသစ်များ၏ အသေးစိတ်အချက်များကို အလိုအလျောက်ပြသရန်။

  • ဖန်သားပြင် ဖွင့်ပါ : အသိပေးချက်များ လက်ခံရရှိချိန်တွင် နာရီဖန်သားပြင်ကိုဖွင့်ပါ။

  • အက်ပ်အစ်များအတွက် ဖွင့်ပါ : အသစ်ထည့်လိုက်သည့် အက်ပ်များအတွက် အသိပေးချက်များကို အလိုအလျောက်ဖွင့်ပါ။

အက်ပ်မှ အသိပေးချက်များကို စီမံခြင်း

သင်သည် အက်ပ်အနည်းငယ်၏ အသိပေးချက်များကိုသာ မြင်လိုပါက Galaxy Wearable အက်ပ်အတွင်းတွင် အသိပေးချက်များကို ပိတ်နိုင်ပါသည်။

၁. Galaxy Wearable အက်ပ် ကိုဖွင့်၍ နာရီသတ်မှတ်ချက်မျာ ကိုဝင်ပြီး အသိပေးချက်များ ကိုနှိပ်ပါ။

၂. အက်ပ်အသိပေးချက်များ ကိုနှိပ်၍ ထည့်သွင်းထားသည့် အက်ပ်များအားလုံးကို ကြည့်ရန် အောက်စိုက်နေသည့် မြှားကို နှိပ်၍ အားလုံး ကိုရွေးပါ။

၃. အက်ပ်တခုချင်းစီ၏ အသိပေးချက်များဖွင့်ရန် သို့မဟုတ် ပိတ်ရန်အတွက် သင်ဆန္ဒရှိသည့် အက်ပ်ဘေးရှိ ခလုတ်ကို နှိပ်ပါ။

၄. အက်ပ်အားလုံးအတွက် အသိပေးချက်များကို ဖွင့်ရန် သို့မဟုတ် ပိတ်ရန်အတွက် စခရင်အပေါ်ရှိ အက်ပ်အားလုံး ဘေးရှိ ခလုတ်ကို နှိပ်ပါ။

Galaxy Wearable အက်ပ်မှ ခလုတ်ဖြင့် အက်ပ်စာရင်းများ

သင့်နာရီ အသိပေးချက်အတွက် သူများနှင့်မတူသည့် ဖုန်းမြည်သံကဲ့သို့ အသံတခုခုကို သင် ထားချင်နိုင်ပါသည်။ သို့မဟုတ် သင်သည် တုန်ခါမှုအသိပေးချက်ကိုသာ လိုချင်ခြင်းမျိုးဖြစ်နိုင်ပါသည်။ စာတိုရရှိခြင်း ၊ အီးမေးလ် သို့မဟုတ် အက်ပ်အသိပေးချက်များ စသဖြင့်လက်ခံရချိန်တွင် သင့်နာရီ၏ အသံကို သင့်စိတ်ကြိုက်နှင့် ကိုက်ညီအောင် သတ်မှတ်ထားနိုင်ပါသည်။ ယခုရွေးချယ်စရာများကို သင့်နာရီမှ တိုက်ရိုက် သို့မဟုတ် ချိတ်ဆက်ထားသည့်ဖုန်းရှိ Galaxy Wearable အက်ပ်မှ လည်း သတ်မှတ်လုပ်ဆောင်နိုင်ပါသည်။

Galaxy Wearable အက်ပ်မှ အသိပေးချက်အသံများစာရင်း။

မည်သည့်အရာမှ လွတ်သွားခြင်းမရှိအောင် အသိပေးချက်အသံကို ဖွင့်ထားကြောင်းသေချာပါစေ။ ချိတ်ဆက်ထားသည့် ဖုန်းမှ Galaxy Wearable အက်ပ်ကိုဖွင့်ပြီး အသံများနှင့်တုန်ခါမှု ကိုရွေးပြီး အသံနှင့်အသိပေးချက်အသံများအတွက် သတ်မှတ်ချက်များကို ချိန်ညှိပါ။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ

RC01_Static Content : This text is only displayed on the editor page