Smart Switch ကိုအသုံးပြုကာ iPhone သို့မဟုတ် iPad မှဒေတာဖိုင်များကို Galaxy ဖုန်းအသစ်ထဲသို့လွှဲပြောင်းရမည့်နည်းလမ်း

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 14.02.2023

သင့် Galaxy ဖုန်းကို ပထမဆုံးအကြိမ်ဖွင့်သောအခါ ကြိုဆိုခြင်းစာမျက်နှာကို တွေ့ရပါမည်။  “iPhone or iPad” ကိုတို့ထိပါ။ Wi-Fi ကွန်ယက်တစ်ခုကိုရွေးချယ်ပါ။ သင့် Google အကောင့်နှင့် သင်အသုံးပြုလိုသော ဆင်းမ်ကတ်ကို သတ်မှတ်ပြီး Smart Switch ကိုစတင်အသုံးပြုပါ။

ဖုန်းတပ်ဆင်ခြင်းစခရင်နှင့် Galaxy နှင့် Android သို့မဟုတ် iPhone နှင့် iPad ရွေးချယ်ရန်ကို မြင်တွေ့ရပုံ။

အဆင့် ၁။ ချိတ်ဆက်ပါ

USB-C-Lightning သုံးကာ သင်၏ Galaxy ဖုန်းအသစ်ကိုသင့် iPhone သို့မဟုတ် iPad အဟောင်းဖြင့် ချိတ်ဆက်ပါ။ ဒေတာလွှဲပြောင်းရန် သင့် Galaxy ဖုန်းအသစ်ကို ယုံကြည်စိတ်ချရသော စက်ပစ္စည်းဖြစ်ကြောင်း အတည်ပြုပါ။ သင့် iPhone သို့မဟုတ် iPad ပေါ်တွင် "Trust this computer? (ဤကွန်ပျူတာကိုယုံကြည်ပါသလား)" ဆိုသည့် သတိပေးချက်ပေါ်လာပါက "Trust (ယုံကြည်သည်)" ကိုနှိပ်ပါ။။

 သုံးကာ Smart Switch စခရင်နှင့် USB-C-Lightning ကေဘယ်ကြိုးနှင့် iPhone သို့မဟုတ် iPad ကိုချိတ်ဆက်မည်လားဟု မေးမြန်းချက်များကို မြင်ရပုံ။

အဆင့် ၂။ ရွေးချယ်ပါ

သင့်ဖုန်းအဟောင်းထဲမှ ထုတ်ယူလိုသောဒေတာများကို ရွေးချယ်ပြီး “Transfer (ပို့ဆောင်မည်)" ကိုနှိပ်ပါ။

လွှဲပြောင်းရန် ရွေးချယ်နိုင်သော ဒေတာများပါဝင်သော Smart Switch ၏စာရင်းကို မြင်ရပုံ။

အဆင့် ၃။ တင်သွင်းပါ

တင်သွင်းခြင်းကိုစတင်ပြီး Smart Switch ကိုသင့်အတွက် အလုပ်လုပ်ရန်ခွင့်ပြုလိုက်ပါ။ သင့် Galaxy ဖုန်းကိုမကြာမီအချိန်တွင် အသုံးပြုနိုင်တော့မည်ဖြစ်ပါသည်။ ကေဘယ်ကြိုးကို မဖြုတ်ပါနှင့်။ တပ်ဆင်ခြင်းပြီးဆုံးပါက သင်၏အချက်အလက်ပို့ဆောင်ခြင်းအခြေအနေကို အသိပေးချက်များ (notifications) ထဲတွင် ကြည့်ရှုပါ။

Smart Switch ၏ သင့်ဖုန်းအဟောင်းမှ ဒေတာကို လွှဲပြောင်းခြင်းလုပ်ငန်းစဉ်နှင့် သင့်ဖုန်းကိုအဆင်သင့်ဖြစ်စေရန် ပြင်ဆင်ခြင်း ကိုမြင်ရပုံ။

အဆင့် ၄။ ထပ်မံ၍ လွှဲပြောင်းပါ

လွှဲပြောင်းရန် တစုံတခု ကျန်ရစ်ခဲ့ပါသလား။ “Get your iCloud data (သင့် iCloud ဒေတာကိုရယူပါ)” ကိုနှိပ်ပြီး သင့် iCloud အကောင့်ထဲ လက်မှတ်ထိုး၍ ဝင်ရောက်ပါ။ သင်လွှဲပြောင်းလိုသော ဖိုင်များကိုရွေးချယ်ပြီး “Import (တင်ပို့မည်)” ကိုနှိပ်ပါ။

ကျေးဇူးပြုပြီး မှတ်သားထားပါ-

  • iCloud မှဒေတာကိုလွှဲပြောင်းရန် သင့် iCloud အကောင့်ထဲသို့ဝင်ရောက်ကာ သင်လွှဲပြောင်းလိုသော ဖိုင်များကိုရွေးချယ်ပြီး “Import (တင်ပို့မည်)” ကိုနှိပ်ရပါမည်။
  • သင့် iOS အက်ပ်များနှင့် တွဲဖက်နိုင်သော Android အက်ပ်များကိုလည်း ဒေါင်းလုတ်ရယူနိုင်ပါသည်။

Galaxy ဖုန်းအသစ်အတွင်းသို့ display (ပြသခြင်း), ကီးဘုတ်စာရိုက်ကွက် နှင့်ရှာဖွေခြင်းဆက်တင်တို့ကို လွှဲပြောင်းရန်နည်းလမ်း

Smart Switch ကိုအသုံးပြုကာ ကိုယ်ပိုင်ပြောင်းလဲချိန်ညှိထားသော ဆက်တင်များကို သင့်ဖုန်းအသစ်အတွင်းသို့ အဆင်ပြေစွာနှင့် လွယ်ကူစွာ လွှဲပြောင်းခြင်းအားဖြင့် သင့်ဖုန်းအဟောင်းကို အသုံးပြုခဲ့သောပုံစံကို အကောင်းဆုံးခံစားရယူလိုက်ပါ။

မူရင်းစခရင်နှင့် အက်ပ်များကို လွှဲပြောင်းရန် သင့်ဖုန်းတပ်ဆင်ခြင်းလုပ်ငန်းစဉ်ရွေးချယ်စရာများကို စုစည်းထားခြင်းကို မြင်ရပုံ မူရင်းစခရင်နှင့် အက်ပ်များကို လွှဲပြောင်းရန် သင့်ဖုန်းတပ်ဆင်ခြင်းလုပ်ငန်းစဉ်ရွေးချယ်စရာများကို စုစည်းထားခြင်းကို မြင်ရပုံ

အဆင့် ၁။ သင်လွှဲပြောင်းလိုသော အရာများ၊ သင့်ဖုန်းကိုစုစည်းဆောင်ရွက်ရန် အချက်အလက်များကို ရွေးချယ်ပြီး next (ရှေ့သို့) ကိုနှိပ်ပါ။။

တပ်ဆင်ခြင်း၊ ဖုန်းမျက်နှာပြင်ကိုပွတ်၍ဖွင့်ခြင်းနှင့် စခရင်ပေါ်ရှိခလုပ်များပါဝင်သော လုပ်ငန်းစဉ်ကို မည်သို့လုပ်ဆောင်ရမည်ကို မြင်ရပုံ။ တပ်ဆင်ခြင်း၊ ဖုန်းမျက်နှာပြင်ကိုပွတ်၍ဖွင့်ခြင်းနှင့် စခရင်ပေါ်ရှိခလုပ်များပါဝင်သော လုပ်ငန်းစဉ်ကို မည်သို့လုပ်ဆောင်ရမည်ကို မြင်ရပုံ။

အဆင့် ၂။ သင်လွှဲပြောင်းလိုသော အရာများ၊ သင့်ဖုန်းကိုရှာဖွေရန်ကို ရွေးချယ်ပြီး “next” (ရှေ့သို့) ကိုနှိပ်ပါ။။

သင့်ကီးဘုတ်နှင့် လက်ကွက်တပ်ဆင်ခြင်းကို မြင်ရပုံ။ သင့်ကီးဘုတ်နှင့် လက်ကွက်တပ်ဆင်ခြင်းကို မြင်ရပုံ။

အဆင့် ၃။ သင်လွှဲပြောင်းလိုသော သင့်ဖုန်းရှိ ကီးဘုတ်၏ အချက်အလက်များကိုရွေးချယ်ကာ “next (ရှေ့သို့)” ကိုနှိပ်ကာ လုပ်ဆောင်မှုကိုအဆုံးသတ်ပါ။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ

RC01_Static Content : This text is only displayed on the editor page